ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ နမ့်စန် - မိုးနဲ- မိုင်းတုံပြည်ထောင်စုလမ်းမကြီးအနီး တောင်ပေါ်၌ View Point တည်ဆောက်မည့်နေရာအား ကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက် နေ့လယ် ၂ နာရီတွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ နမ့်စန်- မိုးနဲ- မိုင်းတုံပြည်ထောင်စုလမ်း၊ မိုင်းပန်မြို့အသွား (ကီလိုမီတာ ၉၁နှင့် ၉၁.၁)ကြား တောင်ပေါ်၌ ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် မိုင်းရူးတော်ဝင်ကုမ္ပဏီလီမိတက်မှ တာဝန်ယူဆောင်ရွက်မည့် View Point တည်ဆောက်မည့်နေရာအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် ဦးဆောင်၍ မြို့နယ်မြေစာရင်း ဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်မှုဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ဌာနတာဝန်ရှိသူများနှင့်အတူ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

အသေးစိတ်အချက်အလက်များဖတ်ရှုရန်...