ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ နမ့်စန်- မိုးနဲ- မိုင်းတုံ- မိုင်းဆတ်လမ်း ကတ္တရာလမ်းတိုးချဲ့ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက် မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် လမ်းအထူးအဖွဲ့ (၅)မှ တာဝန်ယူဆောင်ရွက်သော မြို့နယ်အတွင်းရှိ နမ့်စန်- မိုးနဲ- မိုင်းတုံ- မိုင်းဆတ်လမ်း၊ ၁၂၄.၄၅ - ၁၂၅ ကီလိုမီတာအတွင်း မူလ(၃.၇မီတာ)မှ (၅.၅မီတာ)အကျယ်ရရှိရန် ကတ္တရာလမ်းတိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ခရိုင်တည်ဆောက်ရေးလုပ်ငန်းများကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ခံအင်ဂျင်နီယာများနှင့်အတူ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။

အသေးစိတ်အချက်အလက်များဖတ်ရှုရန်...