
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ ကျန်းမာရေးဝန်ထမ်းအိမ်ရာရပ်ကွက်ရှိ နေအိမ်များ အား PSMS (Person Scrutinization and Monitoring System) လူပုဂ္ဂိုလ်တစ်ဦးချင်းအား စိစစ် စောင့်ကြည့်ခြင်းစနစ်နှင့် ဧည့်စာရင်းစစ်ဆေးခြင်းဆောင်ရွက်
၁၁-၉-၂၀၂၅၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက် ည ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ ကျန်းမာရေးဝန်ထမ်းအိမ်ရာရပ်ကွက်ရှိ နေအိမ်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုင်းအောင်မြတ်၏ ကြီးကြပ်မှုဖြင့် မြို့နယ်အခြေပြုလုံခြုံရေး တပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနတာဝန်ရှိသူများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များမှ ဧည့်စာရင်းစစ်ဆေးစဥ် မြို့နယ်ရဲတပ်ဖွဲ့ PSMS (Person Scrutinization and Monitoring System) လူပုဂ္ဂိုလ်တစ်ဦးချင်း အား စိစစ်စောင့်ကြည့်ခြင်းစနစ်နှင့် ဧည့်စာရင်းစစ်ဆေးခံရသူများအား တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။