ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ မိုင်ဟိုင်းကျေးရွာအုပ်စုအတွင်းရှိ ယာစပါးမျိုးသန့်ပွားစံပြ စိုက်ခင်းအား ကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ မိုင်ဟိုင်းကျေးရွာအုပ်စုအတွင်းရှိ ယာစပါးမျိုးသန့်ပွားစံပြစိုက်ခင်း၊ ယာစပါးမျိုးယှဉ်ပြိုင် စမ်းသပ်ကွက်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။