ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်ရှိ လားရှိုး- မိုင်းရယ်- ကျေးသီးလမ်းပိုင်းပြုပြင်နေမှုအား ကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက် နေ့လယ် ၃ နာရီ ၃၅ မိနစ်တွင် ရှမ်းပြည်နယ်၊ လားရှိုး ခရိုင်၊ လားရှိုးမြို့နယ်ရှိ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက် သည့် လားရှိုး - မိုင်းရယ် - ကျေးသီးလမ်းပိုင်းပြုပြင်နေမှုအား ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနတာဝန်ရှိ သူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။