မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့၊ အမှတ်(၁၃)ရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းတွင် ကြက်ခြေနီရှေးဦးသူနာပြုစုခြင်း(အခြေခံ)သင်တန်း (၁/၂၀၂၅)ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက် နံနက် ၉ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့၊ အမှတ်(၁၃)ရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ကြက်ခြေနီရှေးဦးသူနာပြုစုခြင်း(အခြေခံ)သင်တန်း(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်ကြက်ခြေနီ အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်တန်းကျောင်းသား/ကျောင်းသူ စုစုပေါင်းအင်အား ၁၀၀ ဦး တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။