
ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ) အခမ်းအနားကျင်းပ
၁၀-၂-၂၀၂၅တနင်္သာရီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ (၃) ထပ်ဆောင် အစည်းအဝေး ခန်းမ၌ ၁၀-၂-၂၀၂၅ ရက်၊ ၁၃၀၀ နာရီအချိန်တွင် ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ (ဒါဘာ) အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးအောင်ချို၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း အင်အား ၁၈၈ ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးက အဖွင့်အမှာ စကားပြောကြားခြင်း၊ ဝန်ထမ်းများမှ ဆွေးနွေးတင်ပြလာသည့် ခေါင်းစဉ်များအား ရှင်းလင်းခြင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းချစ်မှ "စည်းကမ်း သည် လူ၏တန်ဖိုး"ခေါင်းစဉ်ဖြင့် ဝန်ထမ်းများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်း ရရှိပါသည်။