မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံးဆီ ဈေးနှုန်းမြင့်မားမှုမရှိစေရေး၊ တရားမဝင်ရောင်းချမှုမရှိစေရေးနှင့် ရည်ညွှန်းဈေးနှုန်းများ အတိုင်း ရောင်းချမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ် ဇွန်လ ၁၂ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘီးလင်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် များ၌ စက်သုံးဆီဈေးနှုန်းမြင့်မားမှုမရှိစေရေး၊ တရားမဝင်ရောင်းချမှုမရှိစေရေးနှင့် ရည်ညွှန်း ဈေးနှုန်းများအတိုင်း ရောင်းချမှုရှိစေရေး သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။