အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
    • AML/CFT
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ စက်မှုအဝင်လမ်းတွင် ကိုယ်ထူကိုယ်ထ Box Culvert ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

၂၃-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊စက်မှုအဝင်လမ်းတွင် ကိုယ်ထူကိုယ်ထ Box Culvert (အလျား=၈၀'×အကျယ်=၆'×အမြင့်=၆') ဆောင်ရွက်နေမှုအခြေအနေအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်း ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်း ရေကြီးနစ်မြုပ်သွားသည့် လယ်မြေများအား ပြန်လည်ဖော်ထုတ်ရေးအတွက် ကွင်းဆင်းစစ်ဆေး

၂၃-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အုန်းတောကွင်းတွင် ရေကြီးနစ်မြုပ်သွားသည့် တောင်သူ ၃ ဦးပိုင်ဆိုင်သည့် လယ်ယာ မြေ ၅ ဧကအား ပြန်လည်ဖော်ထုတ်၍ စီမံကိန်းသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မိုး ဦးဆောင်၍ ခရိုင်မြေစာရင်း ဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာနတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် တောင်သူ ဦးစိုင်းမတ်၏ ဆင်းဧကရီ ၃ မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းသည့်နေရာသို့ ကွင်းဆင်းစစ်ဆေး

၂၃-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် တောင်သူ ဦးစိုင်းမတ်၏ ဦးအောင်ဇေယျကွင်း၊ ကွင်းအမှတ် ၁၊ ဦးပိုင် အမှတ် ၇၂၊ စိုက်ဧက ၂.၈ ဧကတွင် ဆင်းဧကရီ ၃ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းအား စံကွက် ရိတ်သိမ်းခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မိုး၊ ခရိုင်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်ရှိ မောက်မယ်- ဝမ်ဟတ်- လင်းခေးလမ်း ချောင်းရေ တိုက်စား၍ လမ်းတာဘောင်နိမ့်ကျသွားသည့်နေရာအား တာဘောင်ချဲ့ခြင်းဆောင်ရွက်နေမှုအခြေအနေ များကို ကွင်းဆင်းစစ်ဆေး

၂၃-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက် နေ့လယ် ၁ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော မောက်မယ်- ဝမ်ဟတ်- လင်းခေးလမ်း(36.3Km- 37Km)ကြား ချောင်းရေ တိုက်စား၍ လမ်းတာဘောင် နိမ့်ကျသွားသည့်နေရာအား လမ်းတာဘောင်ချဲ့ခြင်းလုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် ဦးဆောင်၍ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဝင်များနှင့်အတူ သတ်မှတ်ထားသည့် စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက် နေ့လယ် ၃ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ပိန်းနဲကုန်းကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်းကျောင်း၌ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာ

၂၃-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက် မွန်းလွဲ ၁၂ နာရီတွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၌ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက် ရှိသော မြို့နယ်ပညာရေးမှူးရုံး (၉၀x၃၀)ပေ RCC တစ်ထပ် အသစ်ဆောက်လုပ်နေမှုနှင့် မြို့နယ် ပြည်သူ့ဆေးရုံ ၄ ခန်းတွဲ ၃ ထပ် အမှုထမ်းအိမ်ရာ ၁ လုံး RCC ဆောက်လုပ်နေမှုတို့အား မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် ဦးဆောင်၍ မြို့နယ်တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့်အတူ မြေပြင်ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ပိန်းနဲကုန်းကျေးရွာအုပ်စုရှိ အခြေခံပညာ အထက်တန်းကျောင်း၌ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

၂၃-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက် နေ့လယ် ၃ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ပိန်းနဲကုန်းကျေးရွာအုပ်စုရှိ အခြေခံပညာအထက်တန်းကျောင်း၌ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် လူသုံးကုန်ပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းစိုး၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာမများ၊ သင်တန်းသား/သူများနှင့် အတူတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ မြို့တော်ခန်းမအနီးတွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအသိပညာပေးမြေစိုက်ပိုစတာ(Bill Board) စိုက်ထူခြင်းအခမ်းအနား ကျင်းပပြုလုပ်

၂၂-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ မြို့တော်ခန်းမအနီးတွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အသိပညာပေး မြေစိုက်ပိုစတာ(Bill Board) စိုက်ထူခြင်းအခမ်းအနားသို့ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း ဦးဆောင်၍ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး ပြည်သူများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ဒုတိယအကြိမ်ထပ်မံကြေညာမည့် မဲဆန္ဒရှင်စာရင်းမှန်ကန်စေရေးအတွက် အသက်(၁၈)နှစ် အထက် အတည်ပြုလူဦးရေစာရင်း ပူးပေါင်းစစ်ဆေးနေမှုအခြေအနေအား သွားရောက်စစ်ဆေး

၂၂-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ဒုတိယအကြိမ်ထပ်မံ ကြေညာမည့် မဲဆန္ဒရှင်စာရင်းမှန်ကန်စေရေးအတွက် အသက် ၁၈ နှစ်အထက် အတည်ပြုလူဦးရေ စာရင်းအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ ပူးပေါင်းစစ်ဆေးနေမှုအခြေအနေအပေါ် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုံ ဦးဆောင် ၍ သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့်အတူ သွားရောက်စစ်ဆေးကြည့်ရှုခဲ့ကြောင်း သတင်းရရှိ ပါသည်။

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၌ နယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်၍ Online လောင်းကစားမှုများနှင့် လိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၁၅ ဦးတို့အား ပြည်နှင်လွှဲပြောင်းနိုင်ရေး ကြီးကြပ်ဆောင်ရွက်

၂၂-၁၀-၂၀၂၅

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက် နံနက် ၁၁ နာရီတွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၌ နယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်၍ Online လောင်းကစားမှုများနှင့် လိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၁၅ ဦးတို့အား ပြည်နှင်လွှဲပြောင်းနိုင်ရေး အတွက် ၎င်းတို့၏ကိုယ်ရေးအချက်အလက်နှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်းလုပ်ငန်းအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။


1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 72192

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR