ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၌ နယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်၍ Online လောင်းကစားမှုများနှင့် လိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၁၅ ဦးတို့အား ပြည်နှင်လွှဲပြောင်းနိုင်ရေး ကြီးကြပ်ဆောင်ရွက်

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက် နံနက် ၁၁ နာရီတွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၌ နယ်စပ်လမ်းကြောင်းများမှ တရားမဝင်ဝင်ရောက်၍ Online လောင်းကစားမှုများနှင့် လိမ်လည်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၁၅ ဦးတို့အား ပြည်နှင်လွှဲပြောင်းနိုင်ရေး အတွက် ၎င်းတို့၏ကိုယ်ရေးအချက်အလက်နှင့် မှတ်တမ်းများစာရင်းကောက်ယူခြင်းလုပ်ငန်းအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။