၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အုန်းတောကွင်းတွင် ရေကြီးနစ်မြုပ်သွားသည့် တောင်သူ ၃ ဦးပိုင်ဆိုင်သည့် လယ်ယာ မြေ ၅ ဧကအား ပြန်လည်ဖော်ထုတ်၍ စီမံကိန်းသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မိုး ဦးဆောင်၍ ခရိုင်မြေစာရင်း ဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာနတို့နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။