ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်ရှိ မောက်မယ်- ဝမ်ဟတ်- လင်းခေးလမ်း ချောင်းရေ တိုက်စား၍ လမ်းတာဘောင်နိမ့်ကျသွားသည့်နေရာအား တာဘောင်ချဲ့ခြင်းဆောင်ရွက်နေမှုအခြေအနေ များကို ကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက် နေ့လယ် ၁ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော မောက်မယ်- ဝမ်ဟတ်- လင်းခေးလမ်း(36.3Km- 37Km)ကြား ချောင်းရေ တိုက်စား၍ လမ်းတာဘောင် နိမ့်ကျသွားသည့်နေရာအား လမ်းတာဘောင်ချဲ့ခြင်းလုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် ဦးဆောင်၍ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဝင်များနှင့်အတူ သတ်မှတ်ထားသည့် စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်သွားရန် လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။