
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက် မွန်းလွဲ ၁၂ နာရီတွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၌ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်လျက် ရှိသော မြို့နယ်ပညာရေးမှူးရုံး (၉၀x၃၀)ပေ RCC တစ်ထပ် အသစ်ဆောက်လုပ်နေမှုနှင့် မြို့နယ် ပြည်သူ့ဆေးရုံ ၄ ခန်းတွဲ ၃ ထပ် အမှုထမ်းအိမ်ရာ ၁ လုံး RCC ဆောက်လုပ်နေမှုတို့အား မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် ဦးဆောင်၍ မြို့နယ်တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့်အတူ မြေပြင်ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။