
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ဒုတိယအကြိမ်ထပ်မံ ကြေညာမည့် မဲဆန္ဒရှင်စာရင်းမှန်ကန်စေရေးအတွက် အသက် ၁၈ နှစ်အထက် အတည်ပြုလူဦးရေ စာရင်းအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ ပူးပေါင်းစစ်ဆေးနေမှုအခြေအနေအပေါ် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုံ ဦးဆောင် ၍ သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့်အတူ သွားရောက်စစ်ဆေးကြည့်ရှုခဲ့ကြောင်း သတင်းရရှိ ပါသည်။