အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
    • AML/CFT
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

ယာယီနေရပ်စွန့်ခွာဝန်ထမ်းနှင့် မိသားစုဝင်များအား အဝတ်အထည်များထောက်ပံ့ပေးအပ်

၂၃-၁၂-၂၀၂၃

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးခန်း၌ (၂၃-၁၂-၂၀၂၃)ရက်၊ (၁၄၀၀)အချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးကပေးပို့ထောက်ပံ့လာသော အဝတ်အထည်အမျိုးမျိုးကို ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းမှ ယာယီနေရပ်စွန့်ခွာဝန်ထမ်းနှင့် မိသားစုဝင်များအား အဝတ်အထည်များထောက်ပံ့ပေးအပ်ပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးမျိုးကျော်၊ ပြည်နယ်ဒုတိယရဲမှူးကြီးနှင့် အကျဉ်းဦးစီးဌာန တာဝန်ခံအရာရှိများ၊ ယာယီနေရပ်စွန့်ခွာပြည်သူများနှင့် မိသားစုဝင်များ စုစုပေါင်းအင်အား (၁၂၀)ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးမျိုးကျော်၊ ပြည်နယ်ဒုတိယရဲမှူးကြီးနှင့် အကျဉ်းဦးစီးဌာန တာဝန်ခံအရာရှိတို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့နှင့် အကျဉ်းဦးစီးဌာနတို့မှ ယာယီနေရပ်စွန့်ခွာဝန်ထမ်းနှင့် မိသားစုဝင်များအား အဝတ်အထည် (၃၈၀)ထည်အား ထောက်ပံ့ပေးအပ်ခဲ့ပြီး နှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

လျာထားမဲရုံများ၏ မြေပြင်အခြေအနေအား ကွင်းဆင်းစစ်ဆေး

၂၁-၁၂-၂၀၂၃

ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အခြေခံပညာအထက်တန်း/ အလယ်တန်း/ မူလတန်းကျောင်းများ၊ မဲရုံပြုလုပ်၍ရသော အဆောက်အဦ များနှင့် ဘောလုံးကွင်းများ၌ လျာထားသည့်မဲရုံများ၏ မြေပြင်အခြေအနေတို့အား (၂၁-၁၂-၂၀၂၃)ရက်၊ (၁၅၀၀)အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး(မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အရက်ချက်စက်ရုံအား ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီဖြစ်စေရေး ကွင်းဆင်းစစ်ဆေး

၂၁-၁၂-၂၀၂၃

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ်ရေးမှူး) သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဌာနနှင့် အသေးစား စက်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၂၁-၁၂-၂၀၂၃)ရက်၊ (၁၀၀၀)အချိန်တွင် လွိုင်လင်မြို့နယ်၊ မိုင်းပွန်ကျေးရွာအုပ်စု၊ အိမ်အမှတ် (လ/၁)၊ မင်းလမ်း၊ ဝမ်ဟွေရပ်(မိုင်းပွန်-၄)ရှိ မြင်းပျံအရက်ချက်စက်ရုံသို့ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဖြစ်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

၂၂-၁၂-၂၀၂၃

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ အားကစားနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ကာယပညာဦးစီးဌာနဘောလုံးကွင်း၌ (၂၂-၁၂-၂၀၂၃)ရက်၊ (၀၉၃၀)အချိန်တွင် ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင် (ခရိုင်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် မူကြိုကလေးငယ်များ စုစုပေါင်း အင်အား (၁၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ဆုရရှိသည့် မူကြိုကလေးငယ်များအား ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

ဗလီ အမိုးပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

၂၀-၁၂-၂၀၂၃

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ အမှတ် (၄)ရပ်ကွက်၊ မွေတော်ကျောင်းလမ်း၊ အစ္စလာမ်ဘာသာစွန္နီဂျာမေဗလီ၌ (၂၀-၁၂-၂၀၂၃)ရက်၊ (၁၀၀၀)အချိန်တွင် ဗလီ အမိုးပြင်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင် (ခရိုင် အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်တည်ဆောက်ရေးနှင့် လုပ်ငန်းစိစစ်ရေးကော်မတီဝင်များနှင့်အတူ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။ အဆိုပါဗလီ၏ အမိုးသွပ်ပြား၊ ဒိုင်း၊ မျှားတန်းနှင့် မျက်နှာကျက်တို့ကို မူလပုံစံ မပျက် ဆောင်ရွက်နိုင်ရေးတို့အတွက် လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

ယာယီနေရပ်စွန့်ခွာပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများ၊ အဝတ်အထည်များနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားကျင်းပ

၂၀-၁၂-၂၀၂၃

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း၌ (၂၀-၁၂-၂၀၂၃) ရက်၊ (၁၀၀၀)အချိန်တွင် သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်ဆရာတော် ဦးဆောင်မှုဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများ၊ အဝတ်အထည်များနှင့် ထောက်ပံ့ငွေများပေးအပ်ပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ အရာရှိကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးက လားရှိုးမြို့သို့ရောက်ရှိနေသော နေရပ်စွန့်ခွာပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ဆေး၊ ခေါက်ဆွဲ၊ အိပ်ယာခင်း၊ ဖျာ၊ ရေမြှုပ်မွေ့ယာ၊ စောင်၊ အင်္ကျီ၊ ပန်းကန်၊ ဇလုံများနှင့် ငွေကျပ်သိန်း (၂၀၀) တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

မိုက်လိုင်ဆည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

၁၉-၁၂-၂၀၂၃

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ မိုက်လိုင်ဆည်၌ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိသည့် မိုက်လိုင်ဆည် (အလျား- ၁၀၀ ပေ၊ အမြင့်-၁၀ ပေ၊ အကျိုးပြုဧက- ၄၀ ဧက) ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေအား (၁၉-၁၂-၂၀၂၃)ရက်၊ (၁၄၀၀) အချိန်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင် (ခရိုင်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

စတီးလ်ကြိုးတံတား တည်ဆောက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

၁၉-၁၂-၂၀၂၃

ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းဖြတ်ကျေးရွာအုပ်စု၊ ဆိုင်းလေကျေးရွာ၊ နမ့်လုံချောင်း၌ (၁၈၅'x၅'x၁၂') စတီးလ်ကြိုး တံတားတည်ဆောက်နေမှုအခြေအနေအား (၁၉-၁၂-၂၀၂၃)ရက်၊ (၀၉၃၀)အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင် (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

မြန်မာစာ၊ မြန်မာစကားနှင့် ဂဏန်းသင်္ချာတတ်မြောက်ရေးသင်တန်းဖွင့်လှစ်သင်ကြားနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး

၁၉-၁၂-၂၀၂၃

ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာ၊ အ.မ.က (မူလွန်) ကျောင်း၌ (၁၉-၁၂-၂၀၂၃)ရက်၊ (၁၃၄၅)အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင် (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဆိုက်ခေါင် အ.မ.က (မူလွန်)မှ ဆရာ/ ဆရာမများ နှင့်အတူ ပညာရေးဝန်ကြီးဌာန၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနက ကြီးမှူးကျင်းပ ပြုလုပ်မည့် မြန်မာစာ၊ မြန်မာစကားနှင့် ဂဏန်းသင်္ချာတတ်မြောက်ရေးသင်တန်း ဖွင့်လှစ်နိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါသင်တန်းကို (၂၀-၁၂-၂၀၂၃)ရက် နေ့မှစ၍ (၂၉-၁-၂၀၂၄)ရက်နေ့အထိ (၁)ရက်လျှင် (၃)နာရီနှုန်းဖြင့် ရက်ပေါင်း (၄၀)ကြာ ဖွင့်လှစ် သင်ကြားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 53921

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR