ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)၊ အစည်းအဝေးခန်းမ၌ (၁၅-၁-၂၀၂၅)ရက်၊ (၁၀၀၀)အချိန်တွင် မြန်မာ - အိန္ဒိယနှစ်နိုင်ငံအကြား မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့်စီမံကိန်း (Quick Impact Project - QIP) အရ ဆောင်ရွက်မည့် စီမံချက်များအတွက် စီမံဆိုင်ရာ စောင့်ကြည့်စစ်ဆေးရေးပူးတွဲကော်မတီများ၏ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ "မြန်မာနိုင်ငံအုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှု သင်တန်းကျောင်းအတွက် သင်ကြားရေးအထောက်အကူပြု ပစ္စည်းကိရိယာများ ထောက်ပံ့ပေးခြင်း" စီမံချက်ဆိုင်ရာ ပူးတွဲကော်မတီ (JPMC)ဥက္ကဋ္ဌ ဦးမြင့်သန်း(အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်)၊ အိန္ဒိယသံရုံးမှ တာဝန်ရှိသူများ၊ မှုခင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် JPMC အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် (Quick Impact Project-QIP)အရ ဆောင်ရွက်မည့်စီမံချက်များ (မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန)အား ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း အပြီးသတ်ဆောင်ရွက်နိုင်ရေးအတွက် တင်ဒါလုပ်ငန်းများ စနစ်တကျဖြစ်စေရေးနှင့် လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်နိုင်ရေး ညှိနှိုင်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။