ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ပင်လုံအရှေ့ကျေးရွာအုပ်စု၊ တောင်သူ ဦးစိုင်းလုံ၏ လယ်ကွင်း၌ DU-12 စပါးမျိုး မိုးစပါးစံကွက်ရိတ်သိမ်းနေမှုအား ကွင်းဆင်းစစ်ဆေး
၁၁-၁၁-၂၀၂၅၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ ပင်လုံအရှေ့ကျေးရွာအုပ်စု၊ ကွင်းအမှတ်- ၃၇၊ ဦးပိုင်အမှတ်- ၁၊ မိုးကောင်းသောက်လယ်ဧရိယာ၂.၅၃ ဧကတွင် တောင်သူ ဦးစိုင်းလုံ၏ လယ်ကွင်း၌ DU-12 စပါးမျိုး မိုးစပါးစံကွက်ရိတ်သိမ်းနေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ သက်ဆိုင်ရာဌာနတာ၀န်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေမှူး နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။