နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ဟိုတယ်မက်စ်၌ ကျင်းပပြုလုပ်သော (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိ မြို့နယ်၊ ဟိုတယ်မက်စ်၌ ကျင်းပပြုလုပ်သော (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲအရာရှိကြီးများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်ထွန်း၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းစုစုပေါင်းအင်အား ၂၃၆ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။