ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့၊ မြို့သစ်ရပ်ကွက်၊ အလက(ထခွဲ-၁) တွင် ကျင်းပပြုလုပ်သည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တက်ရောက်

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့၊ မြို့သစ်ရပ်ကွက်၊ အလက(ထခွဲ-၁)တွင် ကျင်းပပြုလုပ်သည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ အမှတ်(၁၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲ ရေးမှူး၏ ဇနီး ဒေါ်ဖြူသက်နှင်းထွဋ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်းအင်အား ၃၀၀ ဦးခန့် တက်ရောက်ခဲ့ပြီး စစ်ဆင်ရေးကွပ်ကဲရေးမှူး၏ဇနီး ဒေါ်ဖြူသက်နှင်းထွဋ်နှင့် ဌာနဆိုင်ရာများမှ စာအုပ်များလှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။