ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိကွင်း၌ ကျင်းပပြုလုပ်သည့် နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ မုခ်ဦးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက် နံနက် ၈ နာရီတွင် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိကွင်း၌ ကျင်းပပြုလုပ်သည့် နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့မုခ်ဦးဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁)၊ ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်ဆန်း၊ ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းရွှေ၊ တက်ရောက်ခဲ့ပြီး နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် အဖြစ် ဖွင့်လှစ်ထားရှိသောပြခန်းများသို့ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။