မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ် အတွင်း ပြည်နယ်ရန်ပုံငွေဖြင့်ဆောင်ရွက်သော တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက် နံနက် ၁၀ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထို မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက် သော ကျိုက်ထိုမြို့နယ်၊ တောင်သူစုရပ်ကွက်၊ နှင်းဆီလမ်းနှင့် ကော့စံနိုင်ရပ်ကွက်၊ ပြည်တော်သာ လမ်းများအား ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ကော့စံနိုင်ရပ်ကွက်၊ ဇေယျာရွှေပြည်လမ်းအားကွန်ကရစ် ခင်းခြင်း၊ ငယ်ဒိုးရေစိမ့်ကန်မှ နတ်တောင်ပေါ်ရှိ ဂါလံ ၅၀၀ ဆံ့ရေလှောင်ကန်သို့ Solar စနစ်ဖြင့် ရေသွယ်တန်းခြင်းနှင့် မြို့နယ်ရေပေးဝေရေးအတွက် Main Pipe line လဲလှယ်ခြင်း လုပ်ငန်းပြီးစီးမှု အခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင် ဦးဆောင်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ် တည်ဆောက်ရေးလုပ်ငန်းကြီးကြပ် မှုကော်မတီဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။