
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာ၊ Puma Power International Port Terminal ဆိပ်ကမ်းရှိ ဆီလှောင်ကန် တွင် စက်သုံးဆီများသိုလှောင်ထားရှိမှု၊ စက်သုံးဆီတင်သင်္ဘောမှ ဆီလှောင်ကန်သို့ ဆီဖြည့်သွင်းမှုနှင့် ဆီတင်ယာဉ်များအား ဆီဖြည့်နေမှုအခြေအနေများအား ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းထွေး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌများ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။