အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
    • AML/CFT
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချ ပေးနေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

၂၄-၁-၂၀၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ (၂၄-၁-၂၀၂၄) ရက်၊ (၀၈၃၀)အချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စား များအား ဆန်၊ ဆီနှင့် ကြက်ဥ စသည့်အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအခြေအနေအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရည်မွန် (ခရိုင်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

၂၅-၁-၂၀၂၄

ရှမ်းပြည်နယ်၊ မိုင်းဖြတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ အမှတ်(၁၈)၊ စစ်ဆေးရေးကွပ်ကဲမှု ဌာနချုပ်ရှိ စွန်တောင်းဘုရား၌ (၂၅-၁-၂၀၂၄)ရက်၊ (၀၉၀၀)အချိန်တွင် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင် (မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ/ မြို့ဖများနှင့် ရှမ်းတိုင်းရင်းသားပြည်သူများ တက်ရောက် ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြောင်း သတင်းရရှိပါသည်။

သန်းခေါင်စာရင်းယူနစ်များ (Census Unit)တွင် အဆောက်အအုံစာရင်းတင်ခြင်းနှင့် ဆွဲတင်စစ် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေး

၂၃-၁-၂၀၂၄

ရှမ်းပြည်နယ်၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၊ ဟိုကပ်ရပ်ကွက်အတွင်း၌ (၂၃-၁-၂၀၂၄)ရက်၊ (၁၄၃၀)အချိန်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းအတွက် မြို့ပြရပ်ကွက်များတွင် သန်းခေါင်စာရင်းယူနစ်များ (Census Unit) တွင် အဆောက်အအုံစာရင်းတင်ခြင်းနှင့် ဆွဲတင်စစ်လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟောသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ခရိုင်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူးနှင့် ကော်မတီ ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များနှင့်အတူ ကြည့်ရှုစစ်ဆေး ခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဘွဲ့နှင်းသဘင်ခန်းမပြင်ဆင်ခြင်းလုပ်ငန်း အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်ခြင်းရှိ/ မရှိ ကွင်းဆင်း စစ်ဆေး

၂၃-၁-၂၀၂၄

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင် (ခရိုင်အုပ်ချုပ်ရေးမှူး) သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင် တည်ဆောက်ရေးနှင့် လုပ်ငန်းစိစစ်ရေးကော်မတီအဖွဲ့ အဖွဲ့ဝင်များ၊ ပင်လုံတက္ကသိုလ်မှ တာဝန်ရှိသူများ နှင့်အတူ (၂၃-၁-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း လင်းမြတ်နိုင် ကုမ္ပဏီမှ ပြည်ထောင်စုရန်ပုံငွေကျပ်(၁၂၁၇.၃၆၉)သန်းဖြင့် တာဝန်ယူဆောင်ရွက်သည့် လွိုင်လင်မြို့နယ်၊ ပင်လုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပြင်ဆင်ရန်ကျန်ရှိ နေသည့်နေရာများအား ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်အတွင်း ဘွဲ့ရကျောင်းသား/ သူများအတွက် ဘွဲ့နှင်းသဘင်ကျင်းပနိုင်ရေး အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ပေးမှုရှိ/ မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

စိုက်မွေး စက်မှုကျောင်းဆောင်သစ်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

၂၂-၁-၂၀၂၄

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ အ.ထ.က(၁)၌ (၂၂-၁-၂၀၂၄) ရက်၊ (၁၀၀၀)အချိန်တွင် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် (၇၄၇.၀၅)သန်းဖြင့် Lucky 7 ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် RC(၁)ထပ် စိုက်မွေး စက်မှုကျောင်းဆောင်သစ် တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် (၇၄၇.၀၇၉)သန်းဖြင့် မိုးယံဝင့်ချီ ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် RCC ကျောင်းဆောင် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက် ပြီးစီးမှုအခြေအနေတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်(ခရိုင်အုပ်ချုပ်ရေးမှူး) သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်တည်ဆောက်ရေးနှင့် လုပ်ငန်းစိစစ်ရေးကော်မတီအဖွဲ့ အဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

စာဖတ်ဝိုင်းအခမ်းအနား တက်ရောက်

၁၉-၁-၂၀၂၄

ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမ၌ (၁၉-၁-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် စာဖတ်ဝိုင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင် (မြို့နယ်အုပ်ချုပ် ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ Book Club အဖွဲ့ဝင်များ စုစုပေါင်းအင်အား (၃၀)ဦး တက်ရောက် ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် တက်ရောက်လာသူများမှ ချစ်နိုင်(စိတ်ပညာ)ရေးသားသော လူငယ်နှင့် အောင်မြင်မှုစာအုပ်အား ဖတ်ရှု၍ စာအုပ်ပါအကြောင်းအရာများအား အပြန်အလှန် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

၁၇-၁-၂၀၂၄

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ အမှတ်(၇)ရပ်ကွက်၊ လားဟူလူငယ်(ရိပ်သာ) ဘော်ဒါဆောင်၌ (၁၇-၁-၂၀၂၄)ရက်၊ (၁၄၃၀)အချိန်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း (ခရိုင်အုပ်ချုပ်ရေးမှူး)သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တိုက်ပွဲရှောင်ပြည်သူ (၁၆၉)ဦးအား အဝတ်အထည်နှင့် ဆပ်ပြာခဲများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲတက်ရောက်

၁၇-၁-၂၀၂၄

ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမ၌ (၁၇-၁-၂၀၂၄) ရက်၊ (၁၀၀၀)အချိန်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင် (မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ Book Club အဖွဲ့ဝင်များ၊ စုစုပေါင်းအင်အား (၃၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ယာယီနေရပ်စွန့်ခွာ ဌာနဝန်ထမ်းနှင့် မိသားစုဝင်များအား ထောက်ပံ့ပေးအပ်

၁၅-၁-၂၀၂၄

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးခန်းမ၌ (၁၅-၁-၂၀၂၄) ရက်၊ (၁၁၃၀)အချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးက ပေးပို့ထောက်ပံ့ လာသော အဝတ်အထည်အမျိုးမျိုးကို ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းမှ ယာယီနေရပ်စွန့်ခွာ ဌာနဝန်ထမ်းနှင့် မိသားစုဝင်များအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးမျိုးကျော်၊ ပြည်နယ်ဒုတိယရဲမှူးကြီးနှင့် အကျဉ်းဦးစီးဌာနမှ တာဝန်ခံအရာရှိများ၊ ယာယီနေရပ်စွန့်ခွာ ဌာနဝန်ထမ်းများနှင့် မိသားစုဝင်များ စုစုပေါင်းအင်အား (၁၅၅)ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး၊ ပြည်နယ်ဒုတိယရဲမှူးကြီးနှင့် အကျဉ်းဦးစီးဌာနမှ တာဝန်ခံအရာရှိတို့က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ယာယီနေရပ်စွန့်ခွာဝန်ထမ်းများနှင့် မိသားစု ဝင်များအား ဆန်၊ ဆီ၊ ကြက်ဥ၊ ယမ်ယမ်ခေါက်ဆွဲနှင့် အဝတ်အထည်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။


Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 48228

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR