ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းအရောင်းဆိုင်များနှင့် ဆန်ဆိုင်များအား သတ်မှတ် ထားသော ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ် မေလ ၁၄ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးထက်သည် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း ဖွင့်လှစ်ထားသော အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေအရောင်းဆိုင်များနှင့် ဆန်ဆိုင်များအား ဈေးနှုန်းအဆမတန်မြှင့်တင် ရောင်းချမှုမရှိစေရေးနှင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်း အတိုင်းရောင်းချမှုရှိစေရေး ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။