၂၀၂၅ ခုနှစ် မေလ ၁၅ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)၊ အစည်းအဝေးခန်းမ၌ မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့်စီမံကိန်း (Quick Impact Project - QIP) အရ ဆောင်ရွက်မည့် စီမံချက်များအတွက် စီမံဆိုင်ရာစောင့်ကြည့်စစ်ဆေးရေးပူးတွဲကော်မတီ များ၏ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ "မြန်မာနိုင်ငံ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှု သင်တန်းကျောင်းအတွက် သင်ကြားရေးအထောက်အကူပြု ပစ္စည်း ကိရိယာများ ထောက်ပံ့ပေးခြင်း " စီမံချက်ဆိုင်ရာ ပူးတွဲကော်မတီ (JPMC) ဥက္ကဋ္ဌဖြစ်သူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်ထွန်း၊ အိန္ဒိယသံရုံးမှ တာဝန်ရှိသူများ၊ မှုခင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် JPMC အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။အဆိုပါအစည်းအဝေးတွင် (Quick Impact Project - QIP) အရ ဆောင်ရွက်သည့်စီမံချက် များအနက် စီမံချက် ၂ ခု (မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)နှင့်စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ တင်ပြခြင်း၊ ငလျင်ဘေးကြောင့် ဝယ်ယူတပ်ဆင်ထား သည့် ထောက်ပံ့ပစ္စည်းများ ထိခိုက်ပျက်စီးမှုအခြေအနေများ တင်ပြခြင်း၊ နှစ်ဖက်လက်မှတ် ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာနှင့်အညီ နောက်ဆုံးအရစ် ငွေပေးချေနိုင်ရေး ညှိနှိုင်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။