ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းအရောင်းဆိုင်များအား သတ်မှတ် ထားသော ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ် မေလ ၁၄ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်၊ မြောင်းမြလမ်းရှိ မြင့်မိုရ်ဦး (၃) အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင်နှင့် စက်မှုလမ်းပေါ်ရှိ "ဇော်ဝင်း" အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များအား ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှု မရှိစေရေးနှင့် သတ်မှတ်ရည်ညွှန်း ဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ/ မရှိတို့ကို မြို့နယ်မြေပြင်ကွင်းဆင်း စစ်ဆေးကြပ်မတ်ရေးအဖွဲ့ ခေါင်းဆောင်ကိုယ်စား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးကျော်စွာထက် သည် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်တွင်းအခွန်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သတင်းရရှိပါသည်။