အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(Home)
  • ဌာနအကြောင်း
    • ဌာနသမိုင်းကြောင်း
    • လုပ်ငန်းတာဝန်များ
    • အသုံးချဥပဒေများ
  • ဝန်ဆောင်မှုကဏ္ဍ
    • မြေယာစီမံခန့်ခွဲရေး
    • ယစ်မျိုးစီမံခန့်ခွဲရေး
    • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
    • ဒေသဆိုင်ရာအချက်အလက်
    • AML/CFT
  • သတင်းမီဒီယာ
    • သတင်းများ
    • ထုတ်ပြန်ကြေညာချက်များ
    • ပြည်ထဲရေးသတင်းလွှာ
    • ဝန်ကြီးဌာန Website များ
  • ဆက်သွယ်ရန်
  • Admin
    • Log In

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသတင်းများ

ထားဝယ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးသင်ပညာရေး စာသင်တိုက်ကျောင်းနှင့် သီလရှင်စာသင်တိုက် များသို့ အခြေခံစားသောက်ကုန်ပစ္စည်းများ သွားရောက်လှူဒါန်းခြင်း

၂၈-၃-၂၀၂၄

တနင်္သာရီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးခင်မောင်ချိုသည် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ အမျိုးသမီရေးရာအဖွဲ့ အဖွဲ့ဝင်များ၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ အဖွဲ့ဝင်များနှင့်အတူ (၂၈-၃-၂၀၂၄)ရက်၊ (၀၇၀၀)အချိန် တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်အကြိုအထိမ်းအမှတ်အဖြစ် ထားဝယ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးသင် ပညာရေး စာသင်တိုက်ကျောင်းများနှင့် သီလရှင်စာသင်တိုက်များသို့ အခြေခံစားသောက်ကုန် ပစ္စည်းများဖြစ်သည့် ဆန် (၁၀)အိတ်၊ ဆီ (၁၀)ပိဿာ၊ ကြက်သွန်နီ (၁၀)ပိဿာ၊ ကြာဇံ (၂)အိတ်၊ အာလူး (၁၀)ပိဿာတို့အား သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

စီမံ- ၁နှင့် ဌာနခွဲစာရေးဝန်ထမ်းများအား မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

၂၈-၃-၂၀၂၄

တနင်္သာရီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၂၈-၃-၂၀၂၄)ရက်၊ (၀၉၀၀)အချိန်တွင် စီမံ-၁နှင့် ဌာနခွဲစာရေးဝန်ထမ်းများအား မွမ်းမံသင်တန်း ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးခင်မောင်ချို၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း အင်အား (၅၃)ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားခြင်း၊ လက်ထောက်ညွှန်ကြားရေးမှူး (၄)တို့က ဘဏ္ဍာရေးနှင့်ငွေစာရင်းဘာသာရပ်၊ ယစ်မျိုးဘာသာရပ်၊ မြေယာဘာသာရပ်နှင့် ရုံးစာရေးသားနည်း ဘာသာရပ်များကိုသင်တန်းပို့ချခဲ့ပြီး သင်တန်းကာလမှာ (၂၈-၃-၂၀၂၄) ရက်နေ့မှ (၂၉-၃-၂၀၂၄) ရက် နေ့အထိ (၂)ရက်ကြာသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းပေးအပ်

၂၇-၃-၂၀၂၄

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြို့ဆောင် (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ဌာနများမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့နှင့်အတူ (၂၇-၃-၂၀၂၄)ရက်၊ (၁၁၀၀)အချိန်တွင် ဝမ်တိန်းကျေးရွာအုပ်စု၊ လွိုင်ဆေကျေးရွာ၌ ဖယောင်းတိုင်းမီးထွန်းရာမှ လဲကျ၍ မီးလောင်ဆုံးရှုံးခဲ့သည့် မီးဘေးသင့်အိမ်ထောင်စု(၂)စုအား ဆန်ရိက္ခာ၊ မိုးကာ၊ အဝတ်အထည်၊ မီးဖိုချောင်သုံးပစ္စည်း၊ တကိုယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။

ထရန်စဖော်မာတပ်ဆင်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများအတွက် မြေနေရာအား ကွင်းဆင်းစစ်ဆေး

၂၇-၃-၂၀၂၄

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ ပုံးထွန်ကျေးရွာ၊ ဈေးတန်းရပ်ကွက်၌ (၂၇-၃-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြို့ဆောင် (မြို့နယ် အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အထွေထွေပိုလျှံရန်ပုံငွေ (GRF) (၈၂.၁)သန်း ဖြင့်ဆောင်ရွက်မည့် ဂါလံ(၆၀၀၀၀)ဆံ့ ရေစုကန်မှ ဝန်ထမ်းအိမ်ရာသို့ ရေတင်ပို့ နိုင်ရေးအတွက် 50 KVA ထရန်စဖော်မာတပ်ဆင်ခြင်းနှင့် ဆက်စပ်လုပ်ငန်းအတွက် မြေနေရာအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ဘာသာရပ် စွမ်းရည်မြှင့်မွမ်းမံသင်တန်း ဆွေးနွေးပွဲကျင်းပ

၂၆-၃-၂၀၂၄

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဇော်မြင့် (မြို့နယ်အုပ်ချုပ်ရေးမှူး)သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၂၅-၃-၂၀၂၄)ရက်၊ (၀၉၀၀)အချိန်တွင် မိုင်းပန်မြို့၊ ရွာသစ်ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပ ပြုလုပ်သည့် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် မွမ်းမံသင်တန်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

လင်းခေးမြို့၌ မဟာမြတ်မုနိဘုရားကြီးအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း

၂၆-၃-၂၀၂၄

ရှမ်းပြည်နယ်၊ လင်းခေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်း (ခရိုင်အုပ်ချုပ်ရေးမှူး) သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ နှင့်အတူ (၂၄-၃-၂၀၂၄)ရက်၊ (၁၀၀၀)အချိန်တွင် လင်းခေးမြို့၊ ဝမ်လွိုင်ရပ်ကွက်၊ မဟာမြတ်မုနိ ဘုရားကျောင်းဝန်းအတွင်း၌ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ စုပေါင်း၍ မဟာမြတ်မုနိဘုရားကြီးအား သန့်ရှင်းရေးပြုလုပ်ခြင်း၊ ရောင်တော်ဖွင့်ပူဇော်ခြင်းနှင့် ပန်းဆီမီးကပ်လှူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တုရောင်းဝယ်သူများ ကြီးကြပ်ရေး အာဏာပိုင်၏ သတင်းထုတ်ပြန်ချက်

၄-၄-၂၀၂၄

၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဦးဆောင်မှုဖြင့် ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီသည် ပူးပေါင်းအထူးစစ်ဆေးရေးအဖွဲ့များကို ဖွဲ့စည်းပြီး ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးရှိ ရွှေဆိုင်များကို ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ရာ အောက်ပါ‌ ရွှေဆိုင်များသည် အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်ရေးအသိအမှတ်ပြု မှတ်ပုံတင်လက်မှတ်မရှိခြင်း အပါ အဝင် ရွှေရောင်းဝယ်သူများလိုက်နာရမည့် “အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်သူများဆိုင်ရာ ညွှန်ကြားချက်” ကို လိုက်နာရန် ပျက်ကွက်ကြောင်းတွေ့ရှိရပါသည် - (က) ရန်ကုန်တိုင်းဒေသကြီး (၁) မောင်ကိန်းရွှေဆိုင် (၂) နယူးတိုင်စင်ရွှေဆိုင် (၃) ခရမ်းသုံးခွရွှေဆိုင် (ခ) မန္တလေးတိုင်းဒေသကြီး (၁) ရွှေစင်ဝင်းရွှေသန့်စင်လုပ်ငန်း (၂) ရွှေမင်းသားရွှေလှော်ဖိုလုပ်ငန်း (၃) မန်းစံပယ်ရွှေရောင်းဝယ်ရေးလုပ်ငန်း (၄) မြန်မာရွှေရွှေဆိုင်လုပ်ငန်း ၂။ သို့ဖြစ်ပါ၍ ယင်းရွှေဆိုင်များကို (၂-၄-၂၀၂၄) ရက်နေ့မှစ၍ အဖိုးတန်သတ္တု (ရွှေ) ရောင်းဝယ်ရေး အသိအမှတ်ပြုမှတ်ပုံတင်လက်မှတ်မရှိဘဲ လုပ်ငန်းဆောင်ရွက်ခြင်းမပြုရန် သတိပေးမှတ်တမ်းတင် လက်မှတ်ရေးထိုးစေခြင်း အပါအဝင် လိုအပ်သည့် အရေးယူမှုများကို သက်ဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ နှင့်အညီ ဆောင်ရွက်ထားပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

အသက်(၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများအား Pfizer အမျိုးအစား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုအခြေအနေအား ကြည့်ရှုအားပေး

၁၃-၃-၂၀၂၄

ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ (၁၃-၃-၂၀၂၄) ရက်၊ (၁၀၀၀)အချိန်တွင် အသက်(၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများအား Pfizer အမျိုးအစား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုအခြေအနေအား ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းသည် ပြည်နယ်ဒုတိယ/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနား

၁၃-၃-၂၀၂၄

ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ (၁၃-၃-၂၀၂၄)ရက်၊ (၀၉၀၀)အချိန်တွင် မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်(မြို့နယ်အုပ်ချုပ်ရေးမှူး)၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ သင်တန်းကို သင်တန်းသား (၃၀)ဦးဖြင့် (၁၃ - ၃ - ၂၀၂၄) ရက်နေ့မှ (၁၅ - ၃ - ၂၀၂၄)ရက်နေ့အထိ (၃)ရက်ကြာ သင်တန်းဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 Next

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

  • ရုံးအမှတ်(၁၀)၊
  • ဇေယျဌာနီလမ်း၊ နေပြည်တော်
  • ဖုန်း-067 3 412793
  • Total visitors - 49171

ဌာနအကြောင်း

  • ဌာနသမိုင်းကြောင်း
  • လုပ်ငန်းတာဝန်များ
  • အသုံးချဥပဒေများ

ဝန်ဆောင်မှုကဏ္ဍ

  • မြေယာစီမံခန့်ခွဲရေး
  • ယစ်မျိုးစီမံခန့်ခွဲရေး
  • အသင်းအဖွဲ့မှတ်ပုံတင်ခြင်း
  • ဒေသဆိုင်ရာအချက်အလက်

မီဒီယာ

  • သတင်းများ
  • ထုတ်ပြန်ကြေညာချက်များ
  • ပြည်ထဲရေးသတင်းလွှာ
  • ဝန်ကြီးဌာန Website များ
Copyright © 2022 GENERAL ADMINISTRATION DEPARTMENT, MYANMAR