ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ မဟာရဋ္ဌဘိသာ မဂ္ဂီစေတီတော်ဝန်း အတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပ

၂၀၂၅ ခုနှစ် မေလ ၂၀ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ မဟာရဋ္ဌဘိသာ မဂ္ဂီစေတီတော်ဝန်းအတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ သစ်ပင်စိုက်ပွဲသို့ လားရှိုးမြို့၊ မန်ဆူရှမ်းကျောင်းဆရာတော် ဘဒ္ဒန္တပုညနန္ဒ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်သည် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့်အတူ တက်ရောက်ခဲ့ပြီး ထင်းရှူး ၉၄ ပင်၊ စိန်ပန်းပြာ ၇၅ ပင်၊ ခရေ ၄၀ ပင်၊ ချယ်ရီ ၁၄၁ ပင် စုစုပေါင်း ၃၅၀ ပင်တို့အား စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိပါသည်။