မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာအုပ်စု၊ ကျောက်ချောကျေးရွာရှိ (၁၆)မိုင်စစ်ဆေးရေးဂိတ်၌ မော်တော်ယာဥ်များ ဖြတ်သန်းသွားလာနေမှုအခြေအနေအား ကွင်းဆင်း စစ်ဆေး

၂၀၂၅ ခုနှစ် ဇွန်လ ၁၃ ရက် နံနက် ၈ နာရီ ၁၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာအုပ်စု၊ ကျောက်ချောကျေးရွာရှိ (၁၆)မိုင် စစ်ဆေးရေးဂိတ်၌ မော်တော်ယာဥ်များ ဖြတ်သန်းသွားလာနေမှုအခြေအနေအား မန္တလေးတိုင်း‌ ဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးများနှင့်အတူ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များဖြင့် ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။