၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက် နေ့လယ် ၃ နာရီတွင် ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ကလောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သောအင်အားပြင်းငလျင်ကြောင့် လုံးဝပြိုကျပျက်စီးခဲ့သည့်နေအိမ်များနှင့် တစ်စိတ်တစ်ပိုင်း ပြိုကျပျက်စီးခဲ့သည့် နေအိမ် ၁၁ လုံးအတွက် ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့ မြို့နယ်အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ငလျင်ဘေးသင့် ပြည်သူများ၊ စုစုပေါင်းအင်အား ၃၀ ဦးခန့် တက်ရောက်ခဲ့ပြီး စုစုပေါင်းငွေကျပ် (၂၁၉.၉၉၉) သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။