၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ်မှ တိုက်ပွဲရှောင်၍ ရောက်ရှိလာသော ပြည်သူ ၂၇ ဦးအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ စားနပ်ရိက္ခာ ၄ မျိုး တစ်ပတ်စာထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းစောဝေနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်တို့မှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။