၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက် နေ့လယ် ၁ နာရီတွင် ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ တောင်ပို့ကြီးကျေးရွာအုပ်စု၊ ပေါင်းပိုင်းကျေးရွာရှိ ပေါင်းပိုင်းတောင်ပေါ်ကျောင်း၌ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကိစ္စရပ်များ ကွင်းဆင်းဆောင်ရွက်ခြင်းအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာလင်း ဦးဆောင်၍ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ် ကျေးလက်လမ်းဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အင်းလေးကန်တောရိုင်း တရိစ္ဆာန်ဘေးမဲ့တောဦးစီးဌာန၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံ ပြည်သူများ စုစုပေါင်းအင်အား ၂၅၀ ဦးခန့် တက်ရောက်ခဲ့ပြီး ဒေသခံပြည်သူများမှ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက် တင်ပြမှုများအား သက်ဆိုင်ရာဌာနများနှင့်အတူ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။