ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ ဇယသုခ ဆွမ်းလောင်းဓမ္မာရုံတွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်း အခမ်းအနား ကျင်

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက် နံနက် ၉ နာရီ ၃၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ နဝဒေးလမ်း၊ ဇယသုခ ဆွမ်းလောင်းဓမ္မာရုံ တွင် ရပ်ကွက်နေ မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရှိ တာဝန်ရှိသူ များမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းဆိုင်ရာအသိပညာပေးခြင်း အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွန်းတို့ တက်ရောက်ခဲ့ကြောင်းသတင်း ရရှိပါသည်။