၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက် နံနက် ၁၁ နာရီတွင် ကလောမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ဘူတာရုံ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ အမှတ်(၁၁)ရပ်ကွက်၊ နန်းသဲတံတားပြုပြင်နေမှုနှင့် ကလောချောင်း မြေထိန်းနံရံပြုပြင်နေမှုများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ စုစုပေါင်းအင်အား ၄၀ ဦးခန့်ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။