ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုယ်ဝန်ဆောင်မိခင်နှင့် ၅ နှစ်အောက် ကလေးများအား အာဟာရထောက်ပံ့ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ လွယ်ပြေရပ်ကွက်အတွင်းရှိ မြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုယ်ဝန်ဆောင်မိခင်နှင့် ၅ နှစ်အောက်ကလေး များအား အာဟာရထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ စုစုပေါင်းအင်အား ၅၀ ဦးတို့နှင့်အတူ တက်ရောက်ခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်နှင့် ၅ နှစ်အောက်ကလေးများအား အာဟာရထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။