၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်၊ နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် (MEVM)မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်း နှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆိုင်ရာအသိပညာပေးဟောပြောပွဲသို့ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်း ဦးဆောင်၍ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများ စုစုပေါင်း ၁၂၅ ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။