ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စာတိုက်ရုံးတွင် ရုံးလုပ်ငန်းများ ပုံမှန်အတိုင်းလည်ပတ်နိုင်ရေးအတွက် ရေ/ မီးရရှိရေးပြင်ဆင်ထားရှိမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စာတိုက်လုပ်ငန်းရုံးနှင့် ဝန်ထမ်း အိမ်ရာများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကာ ရုံးလုပ်ငန်းများ ပုံမှန်အတိုင်းလည်ပတ်နိုင်ရေးအတွက် ရေ/ မီးရရှိရေးပြင်ဆင်ထားရှိမှုအခြေအနေများအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်) ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း ဦးဆောင်၍ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အသေးစိတ်အချက်အလက်များဖတ်ရှုရန်...