မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် ပြည်သူ့ဈေးအတွင်းရှိ စိန်၊ ရွှေ၊ ရတနာအရောင်းဆိုင် လုပ်ငန်းရှင်များအား လုံခြုံရေးအရ CCTV တပ်ဆင်အသုံးပြုစေရေး အသိပညာပေးဆွေးနွေး

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက် နံနက် ၉ နာရီတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထို မြို့နယ် ပြည်သူ့ဈေးအတွင်းရှိ စိန်၊ ရွှေ၊ ရတနာအရောင်းဆိုင်လုပ်ငန်းရှင်များအား လုံခြုံရေးအရ CCTV တပ်ဆင်အသုံးပြုစေရေး အသိပညာပေးဆွေးနွေးပွဲသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင် ဦးဆောင်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့်အတူ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။