မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အတွင်း ကော့ထင်းစံပြကျေးရွာ၊ ကံနီလမ်း(ပထမပိုင်း) ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၏၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သော ကော့ထင်းစံပြကျေးရွာ၊ ကံနီလမ်း(ပထမပိုင်း) ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင် ဦးဆောင်၍ ခရိုင်၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ကြီးကြပ် ရေးကော်မတီဝင်များ၊ မြို့နယ်သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။