မွန်ပြည်နယ်၊ ချောင်းဆုံခရိုင်၊ ချောင်းဆုံမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုအား သွားရောက် ကြည့်ရှုစစ်ဆေး

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်၊ နေ့လည် ၁ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ချောင်းဆုံ ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုအခြေအနေအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဝင်းသည် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဝင်များနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။