ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ဈေးရပ်ကွက်၌ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ရပ်ကွက်နေ ပြည်သူများပူးပေါင်း၍ လမ်းဘေးရေနှုတ်မြောင်းများ ပြန်လည်တူးဖော် ဆောင်ရွက် နေမှုအား ကြည့်ရှုစစ်ဆေး

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်၊ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ဈေးရပ်ကွက်၌ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ရပ်ကွက်နေပြည်သူများပူးပေါင်း၍ လမ်းဘေး ရေနှုတ်မြောင်းများ ပြန်လည်တူးဖော်ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။