ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ဧည့်စာရင်းစစ်ဆေးခြင်းနှင့် လူပုဂ္ဂိုလ် တစ်ဦးချင်းအား PSMS (Person Scrutinization and Monitoring System) စိစစ်စောင့်ကြည့် ခြင်းစနစ်နှင့် တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက် ည ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ ရဲချောင်းဝကျေးရွာအုပ်စု၊ စံပါယ်မြိုင်လမ်းနှင့် ပိတောက်လမ်းရှိနေအိမ်များအား မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်မြတ်၏ ကြီးကြပ်မှု ဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အခြေပြု လုံခြုံရေးတပ်ဖွဲ့မှူး နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များမှ ဧည့်စာရင်း စစ်ဆေးခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှ လူပုဂ္ဂိုလ်တစ်ဦးချင်းအား PSMS (Person Scrutinization and Monitoring System) စိစစ်စောင့်ကြည့်ခြင်းစနစ်နှင့် တိုက်ဆိုင်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။