ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးအတွင်းရှိ အရေးပေါ် ပြင်ပလူနာဌာန ၂ ထပ်ဆောင်အတွက် Solar Energy Power System တပ်ဆင်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့၊ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးအတွင်းရှိ အရေးပေါ်ပြင်ပလူနာဌာန ၂ ထပ်ဆောင် အတွက် Solar Energy Power System တပ်ဆင်ပြီးစီးမှုအခြေအနေအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်) ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း၊ ဒုတိယပြည်နယ် အဆင့်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ် မှုကော်မတီအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး အခြားလိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။