ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ မိုင်ဟိုင်းကျေးရွာအုပ်စု၊ မယ်ဇလီမြိုင်ကျေးရွာ RC ကျောင်း၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၃ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊နမ့်စန်ခရိုင်၊မိုးနဲမြို့နယ်၊ မိုင်ဟိုင်းကျေးရွာအုပ်စု၊ မယ်ဇလီမြိုင်ကျေးရွာ RCကျောင်း၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲအခမ်း အနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်တိုင်းရင်းဆေးကုဌာနတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား ၁၅၀ ဦးခန့် တက်ရောက်ခဲ့ရာ ပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် မေးမြန်းတင်ပြချက်များအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။