ရှမ်းပြည်နယ်၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာ အီလက်ထရောနစ် မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်း၊ လက်တွေ့ကိုင်တွယ် စမ်းသပ် မဲပေးခြင်း နှင့် မဲရလဒ်များထုတ်ပြန်ခြင်း လုပ်ငန်းစဉ်များ အသိပညာပေးဆောင်ရွက်

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၄ ရက် နံနက် ၈ နာရီ ၁၅ မိနစ်တွင် ရှမ်းပြည်နယ်၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း၊ လက်တွေ့ကိုင်တွယ် စမ်းသပ်မဲပေးခြင်းနှင့် မဲရလဒ်များ ထုတ်ပြန်ခြင်း လုပ်ငန်းစဉ်များကို တာဝန်ရှိသူများမှ အသိပညာပေး ဆောင်ရွက်နေမှု အခြေအနေများအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးတင်လင်း ဦးဆောင်၍ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။