၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်၊ နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့၊ အမှတ်(၅) ရပ်ကွက်ရှိဒေသခံပြည်သူများအား ဆုဖူးမားဘုန်းတော်ကြီးကျောင်း၌ ကျင်းပ ပြုလုပ်သော (MEVM) ကိုင်တွယ်အသုံးပြုနည်း၊ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် မဲရလဒ် များထုတ်ပြန်ခြင်း ဆိုင်ရာလုပ်ငန်းစဉ်များအား အသိပညာပေးခြင်းအခမ်းအနားသို့ ပြည်နယ် အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးတင်လင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာန တာဝန် ရှိသူများနှင့်အတူ ကြည့်ရှုအားပေး ခဲ့ကြောင်း သတင်းရရှိပါသည်၊၊