ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ကုန်းလမ်းရပ်ကွက်ရှိ အ.ထ.က(မောက်မယ်)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ထူးချွန်ကျောင်းသား/ကျောင်းသူများဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ကုန်းလမ်းရပ်ကွက်ရှိ မောက်မယ်အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပ ပြုလုပ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ထူးချွန်ကျောင်းသား/ကျောင်းသူများဆုချီးမြှင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ဆရာ/ဆရာမများ၊ ဆုရကျောင်းသား/ ကျောင်းသူများနှင့် ကျောင်းသားမိဘများ စုစုပေါင်း ၁၅၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။