ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်နေ မဲဆန္ဒရှင် ပြည်သူများအား (MEVM)မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းအခမ်းအနား ကျင်းပပြုလုပ်

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ ခေမာသီဝံဘုန်းကြီးကျောင်းတိုက် တွင် ရပ်ကွက်နေမဲဆန္ဒရှင်ပြည်သူများအား (MEVM)မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းနှင့် လက်တွေ့ စမ်းသပ် မဲပေးခြင်းဆိုင်ရာအသိပညာ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြသိန်းထွန်းနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့်အတူ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။