ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် လေဆိပ်ဓာတ်အားလိုင်း ထိခိုက် ပျက်စီးမှုအား ပြန်လည်ပြုပြင်နိုင်ရေး ကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက် နံနက် ၁၀ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို့တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ၃၃ ကေဗွီဓာတ်အားခွဲရုံ (၂) မှ ဓာတ်အားဖြန့်ဖြူးပေးထားသော ၁၁ ကေဗွီ လေဆိပ်ဓာတ်အားလိုင်းသည် လားရှိုးလေဆိပ်အနီးမှ အမှတ်(၆၂၆)ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ရင်းအထိ ၂ မိုင်ခန့် ပျက်စီးခဲ့ သဖြင့် ထိခိုက်ပျက်စီးမှုအား ပြန်လည်ပြုပြင်ခြင်း (SAC- 120 mm²) ဆောင်ရွက်နိုင်ရန် အတွက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း ဦးဆောင်၍ ဒုတိယပြည်နယ်/ တွဲဘက်ပြည်နယ်အဆင့်စိစစ်ရေးအဖွဲ့ဝင်များနှင့်အတူ သွားရောက် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။