မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ အမှတ် (၂)ရပ်ကွက်၊ အခြေခံပညာအထက်တန်း ကျောင်းခွဲ၊ မြို့မကျောင်း၌ RC နှစ်ထပ်ကျောင်းဆောင်သစ် တည်ဆောက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ်၊ မတ်လ ၆ ရက် နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ တည်ဆောက်ရေးအရည်အသွေး စစ်ဆေးရေး ကော်မတီဝင်များနှင့်အတူ မင်းဘူးမြို့၊ အမှတ် (၂)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၊ မြို့မကျောင်း၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် တက်လူထူး ကုမ္ပဏီမှ တာဝန်ယူဆောက်ရွက်လျက်ရှိသာ RC နှစ်ထပ်ကျောင်းဆောင်သစ် တည်ဆောက် နေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ရက် အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။